မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲကျောပိုးအိတ်(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲကျောပိုးအိတ်(အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေ

 


MNP - အောက်တိုဘာ  ၁၅


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား စိတ်အပန်းဖြေပျော်ရွှင်စေရေး တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ ဆက် ဆံရေး တပ်ခွဲကျောပိုးအိတ် (အဖွဲ့ငယ်)မှ လာရောက်ကပြဖျော်ဖြေပွဲကို ယမန်နေ့ည ၇ နာရီမှ စတင်၍ မိုင်းခုတ်တပ်နယ်၊ အမတ (၃၈၇)ရှိ ဘုရင့်နောင်ခန်းမ၌ ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


အဆိုပါ ကပြဖျော်ဖြေပွဲတွင် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲကျောပိုးအိတ်(အဖွဲ့ငယ်)မှ ဗိုလ်ကြီးသန်းမြင့်ဉီး ဦးဆောင်သော အနုပညာရှင် စစ်သည်၊ စစ်သမီးများတို့မှ သီဆိုကပြမှု ဖျော်ဖြေရေး အစီအစဉ်များ၊ တစ်ခန်းရပ်ဟာသပြဇာတ်များနှင့် မျက်လှည့်လက်လှည့် အစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ကြွရောက်လာကြသည့် မိုင်းခုတ်တပ်နယ်၊ အမတ(၃၈၇)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့် တပ်ရင်း၊ တပ်ဖွဲ့မိသားစုဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)