လွိုင်လင်မြို့၌ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့၌ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ  ၁၄


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးဆောင်၍ လွိုင်လင်မြို့နှင့်ပင်လုံမြို့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့  မွန်းလွဲ(၁၂)နာရီခွဲ အချိန်က ကွန်ပျူတာတက္ကသိုလ် (ပင်လုံ)တွင်ကျင်းပရာ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး  ဦးကံစောလှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နှင့်ပင်လုံမြို့တို့အား မြို့ပြနှင့်ကျေးလက်ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်  မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များကို ဖိတ်ကြား၍ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း မြို့ပြဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိမ်နန်းမေ က ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လွိုင်လင်မြို့နှင့် ပင်လုံမြို့တို့အား မြေပုံရေးဆွဲခြင်း၊ အဖွဲ့လိုက် အတွေးစိတ်ကူးပုံဖော်ခြင်းများ ဆောင်ရွက်ပြီးနောက် အားသာချက်၊ အားနည်းချက်  အခွင့်အလမ်းနှင့် ခြိမ်းခြောက်မှုဆန်းစစ်ခြင်း၊  ထိခိုက်စံစားရမှုနှင့် ဂေဟစနစ်ဆိုင်ရာ ဆန်းစစ်ခြင်း၊ ကဏ္ဍအလိုက်အုပ်စုခွဲခြင်း၊ ရည်ရွယ်ချက်များချမှတ်ခြင်း၊ ရည်ရွယ်ချက်အား မဲပေးရွေးချယ်ခြင်းနှင့် အပြီးသတ်ရည်ရွယ်ချက် ရွေးချယ်ခြင်းတို့ကို သတ်မှတ်အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီးနောက်  အလုပ်ရုံဆွေးနွေးပွဲ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။


အဆိုပါ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ သက်ဆိုင်သည့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များ စုစုပေါင်း (၆၆)ဦး တက်ရောက်ကြကြောင်း  သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)