MNP - အောက်တိုဘာ ၁၇
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က ကြီးကြပ် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ယမန်နေ့ နေ့လည်ပိုင်းတို့တွင် မော်လမြိုင်မြို့နယ်၊ စမ်းကြီးကျေးရာနှင့် ဂွေးကုန်းကျေးရွာများသို့ ကွင်းဆင်း၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသနေပြည်သူများနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) က နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ထွေအုပ်၊ ရဲ၊ လဝက၊စိုက်ပျိုးရေး၊ ပြန်/ ဆက်၊ မြေစာရင်း၊ ဆည်မြောင်း၊ မွေးကု၊ ပညာရေး၊ ကျန်းမာရေး၊ မီးသတ်၊ စီမံကိန်း၊ ကျေးလက်လမ်း၊ ကျေး/ ဖွံ့၊ လျှပ်စစ်၊ တို့ပါဝင်သော ဌာနဆိုင်ရာများဖြင့် ကွင်းဆင်း၍ ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးကုသပေးခြင်း၊ မွေးတိုးကိစ္စရပ် များနှင့်မှတ်ပုံတင်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ တိရိစ္ဆာန်များ ဆေးကုသခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ မီးဘေးနှင့်လျှပ်စစ်ဘေးအန္တာရယ်ကင်းဝေးရေး အသိပညာပေးခြင်း၊ သက်ဆိုင်ရာဌာန/ သက်ဆိုင်ရာ စစ်ကြောင်းအလိုက် ပြည်သူတို့၏ တင်ပြချက်လိုအပ်ချက်များအား ဆောင်ရွက် ပေးလျက်ရှိပါကြောင်းကို သက်ဆိုင်ရာ ဌာနများက ရှင်းလင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ အကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးမှုများကို တက်ရောက်လာသည့် ရပ်ကွက်နေ ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက် နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment