ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း ဈေးရောင်းပွဲတော် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း ဈေးရောင်းပွဲတော် ကျင်းပမည်

 



MNP - အောက်တိုဘာ   ၈


ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ပြည်အရှေ့ရပ်ကွက်၊ ပြည်လမ်း၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝန်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးကာ ဈေးရောင်းပွဲတော်အား (၈-၁၀ -၂၀၂၂)ရက်နေ့မှ (၁၀-၁၀ - ၂၀၂၂)ရက်နေ့ အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေ့စဉ်နံနက် (၀၇:၀၀)နာရီမှညနေ (၁၇:၀၀) နာရီအထိ ဖွင့်လှစ် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဈေးရောင်းပွဲတော်တွင်  ၁၀'×၁၀' ဆိုင်ခန်း ၁၇၀ အတွက် လေးထောင့် ဈေးရောင်းထီးများအား အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ နေရာချထားဆောင်ရွက်လျက် ရှိပြီး ယနေ့ညနေ ၁၆:၁၅ နာရီအချိန်က ဒုတိယမြို့တော်ဝန်နှင့် ဌာနမှူး (ယာ/အုံ)တို့ရောက်ရှိ စစ်ဆေးခဲ့ကြ၍ ဆိုင်ခန်း(၄၇)ခန်းနေရာချထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။


သတင်း - ကြည်ဇေသော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)