စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှုအပေါ်အခြေခံ၍ သွင်းအားစုအချိုးအစား မှန်ကန်စွာ အသုံးပြုရန်လိုအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှုအပေါ်အခြေခံ၍ သွင်းအားစုအချိုးအစား မှန်ကန်စွာ အသုံးပြုရန်လိုအပ်



MNP ၊ အောက်တိုဘာ ၃၀

၂၀၂၂-၂၀၂၃ ခုနှစ် မိုးနှောင်းချည် မျှင်ရှည်ဝါ အထူးအထွက် တိုးစံပြကွက် ကွင်းသရုပ်ပြပွဲနှင့် အာဟာရပြည့် ရွက်ဖျန်းအားဆေး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင်စံပြကျေးရွာ၌ ကျင်းပသည်။


အခမ်းအနားတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ တိုင်းစိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံက ဒေသ၏ ဝါတိုးချဲ့စိုက်ပျိုးထားရှိမှုနှင့် နည်းပညာပေးဆောင်ရွက် နေမှု၊ Glorious Morning Star Co.,Ltd တာဝန်ခံက ဝါစိုက် တောင်သူများထံ ရွက်ဖျန်းအား ဆေးနှင့်လိုအပ်ချက်များ ပံ့ပိုးနေမှု တို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တောင်သူ၊ ပုဂ္ဂလိကနှင့် ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ခေတ်မီနည်းပညာများ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး ဝါစိုက်တောင်သူများအတွက် ရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ဒုတိယဝန်ကြီးသည် ပေတောကျေးရွာ Pay Taw Layer Farm Project ဥစားကြက် မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော မွေးမြူထုတ်လုပ် မှုဖြစ်စေရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အကျိုးအမြတ် တွက်ချက်မှုပါဝင်သည့် နည်းပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးတောင်သူ များအား လက်တွဲအားပေးကူညီရေးတို့ကို ဆွေးနွေးမှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ် ဆည်ကြီးကျေးရွာ တောင်သူ ဦးလှစိုး၏ ဆောင်းနေကြာ မျိုးစေ့ထုတ်စံပြကွက်နှင့် တောင်သူ ဦးမြင့်သိန်း၏ မိုးနှောင်းချည် မျှင်ရှည်ဝါ စိုက်ခင်းတို့ကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးမြေရှိ အပင်အာဟာရဓာတ်ပါဝင်မှုနှင့် စိုက်ပျိုးသည့်သီးနှံ၏ အာဟာရလိုအပ်မှုအပေါ်အခြေခံ၍ သွင်းအားစု အချိုးအစား မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြု နိုင်ရေး၊ အထွက်နှုန်းမြင့်မားရေးနှင့် ခေတ်မီလယ်ယာသုံး စက် ကိရိယာများ အသုံးပြုလုပ်ကိုင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)