သနပ်ပင်မြို့နယ်တွင် ကြက်ခြေနီအခြေခံရှေးဦးသူနာပြု(၆/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သနပ်ပင်မြို့နယ်တွင် ကြက်ခြေနီအခြေခံရှေးဦးသူနာပြု(၆/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - အောက်တိုဘာ   ၁၈


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အ.ထ.ကမင်းရွာ အခြေခံပညာအထက်တန်းကျောင်း၌  မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော  အခြေခံရှေးဦးသူနာပြု(၆/၂၀၂၂ )သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  အဆိုပါကျောင်းရှိ အောင်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲ အခမ်းအနားတွင်  သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်လင်းထက်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ  တပ်ဖွဲ့မှူးဒေါ်ဝင်းပပမျိူးက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ မီးဘေး၊ လေဘေးစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ဖြစ်တတ်လေ့ရှိသော ရောဂါများကို ရှေးဦးသူနာပြုစုနည်း၊ ကုသနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး  အိမ်တစ်အိမ်တွင် လူတစ်ဦးသည် အခြေခံရှေးဦးသူနာပြုစုနည်း တတ်မြောက်ထားလျှင် သဘာဝဘေးအန္တရာယ်နှင့်ကြုံတွေ့ပါက  များစွာအထောက်ကူရမည်ဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။


အဆိုပါ‌(၆/၂၀၂၂)အခြေခံရှေးဦးသူနာပြုသင်တန်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ  သင်တန်းနည်းပြ၊ ဆရာ၊ ဆရာမများက (၃)ရက်ကြာပို့ချမည်ဖြစ်ပြီး သင်တန်းသို့ အ.ထ.က(မင်းရွာ) အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆၀) ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - လှမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)