လှည်းကူးမြို့နယ် သခွပ်ပင်ကျေးရွာနှင့်ကလီထော်အနောက်ကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ် သခွပ်ပင်ကျေးရွာနှင့်ကလီထော်အနောက်ကျေးရွာတို့တွင် နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေး



MNP - အောက်တိုဘာ  ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စုနှင့် ကလီထော်အနောက်ကျေးရွာအုပ်စုတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အဆိုပါနေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံကိုလျာထားချက်ဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့်နေကြာသီးနှံစိုက်ပျိုးရေးအကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများကပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)