MNP - အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယမန်နေ့ နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ရုံးမှ တာဝန်ရှိသူများက အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄)အုပ်စု (ကံဦး၊ ဆုံကုန်း၊ ပန်းတင်၊ ကျီကြီး)နှင့် အမှတ်(၁)ရပ်ကွက်တို့တွင် အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးခဲ့ရသော လူနေအိမ် သစ်အိမ်(၅)လုံး၊ ဝါးအိမ်(၂)လုံး စုစုပေါင်း(၇)လုံး၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၂၄)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁၅,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာဖိုး (၅၀,၄၀ဝ)ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ ကျပ်(၂၆၅,၄၀ဝ)နှင့် Surgical Mask များ ပေးအပ်ရာ သက်ဆိုင်ရာ ကျေးရွာအုပ်စုမှ အိမ်ထောင်စုဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်း - မန်းကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment