ဆိပ်ဖြူမြို့နယ်တွင် ငွေချည်(၉) ချည်မျှင်ရှည်ဝါစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ငွေချည်(၉) ချည်မျှင်ရှည်ဝါစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းပြပွဲပြုလုပ်

 


MNP - အောက်တိုဘာ  ၂၉


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချင်တောင်ကျေးရွာတွင် ငွေချည်(၉) ချည်မျှင်ရှည်ဝါစံပြကွက် အောင်မြင်ဖြစ်ထွန်းမှု ကွင်းပြပွဲကို ယမန်နေ့နံနက် ၈နာရီက ချင်တောင်ကျေးရွာ တောင်သူဒေါ်လှသိန်း၏ ဝါစိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။


အဆိုပါ အခမ်းအနားတွင် ချင်တောင်ကျေးရွာအုပ်စုနှင့် မြင်ကဝကျေးရွာအုပ်စုတို့မှ ဝါစိုက်ပျိုး တောင်သူများနှင့် ဝါစိုက်ပျိုးရန် စိတ်ဝင်စားသည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးဇော်မင်းနိုင်က ဝါစိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် ဝါစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေရရှိနေမှု အခြေအနေများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာများ၊ ဝါမျိုးကောင်းမျိုးသန့် နှင့် သွင်းအားစုမြေဩဇာများ ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြား ပေးသည်။ ထို့နောက် ဝါစိုက်တောင်သူများ အချင်းချင်း ဝါစိုက်ပျိုးထုတ်လုပ်ရာ၌ အောင်မြင်ဖြစ်ထွန်းရေး နည်းလမ်းကောင်းများကို ဆွေးနွေးဆောင်ရွက်ခဲ့ပြီး တောင်သူ ဒေါ်လှသိန်း၏ ဝါစိုက်ခင်းစံပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို တောင်သူများက ကွင်းဆင်းလေ့လာခဲ့ကြသည်။


ဆိပ်ဖြူမြို့နယ်တွင် ယခင်နှစ်များက ဝါစိုက်ပျိုး ထုတ်လုပ်ခြင်းကို သီးလုံးဖောက်ပိုးဖျက်စီးမှုကြောင့် သွင်းအားစု ပိုးသတ်ဆေးများ ဆောင်ရွက်မှုများခြင်း ၊ ဝါပေါက်ဖြစ်ထွန်းမှုနည်း (ကြွယ်များခြင်း) ၊ဈေးကွက်ရှိမှုနည်းခြင်းတို့ကြောင့် တောင်သူများ ဝါစိုက်ပျိုးခြင်း အားနည်းခဲ့ကြောင်း၊ ယမန်နှစ်က ဝါစိုက်တောင်သူအချို့က မြို့နယ်စိုက်ပျိုးရေးနှင့် ချိတ်ဆက်၍ ဝါစိုက်လုပ်မှုအတွက် ဝါမျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးနည်းပညာများ ရယူစိုက်ပျိုးဆောင်ရွက်ခဲ့ခြင်းအပေါ် ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းတိုးကာ တစ်ဧကလျှင် ဝါပိဿာချိန်(၈၀၀)ခန့် ထွက်ရှိခဲ့ပြီး  ဈေးကွက်၌ ဝါတစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိ ရရှိခဲ့ပြီး ဝါစိုက်ပျိုး ထုတ်လုပ်မှုအတွက် ငွေကျပ်(၂၀)ဝန်းကျင်အထိ မိသားစုဝင်ငွေရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ဝါစိုက်တောင်သူများက စိုက်ဧက(၂၀၀)ကျော် မျိုးကောင်းမျိုးသန့် ချည်မျှင်ရှည် ဝါမျိုးများ စိတ်ဝင်စားစွာဖြင့် စိုက်ပျိုးလာကြပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း လက်ရှိဝါတစ်ပိသာလျှင် (၂၅၀၀)ကျပ်ဖြင့် ကုန်သည်များ လာရောက်ဝယ်ယူလျက်ရှိကြောင်း ဝါစိုက်တောင်သူ ဦးမန်းရင်က ပြောကြားသိရသည်။         


သတင်း - ကိုဇွဲ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)