ဖျာပုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မှီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် တောင်သူပညာပေး ရက်တိုသင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မှီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် တောင်သူပညာပေး ရက်တိုသင်တန်းဖွင့်



MNP - အောက်တိုဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံကူကျေးရွာအုပ်စုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဆောင်သော စိုက်ပျိုးရေးဝန်ထမ်းများက ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မှီရေးနှင့် စပါးဖျက်ပိုး ကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် ရည်ရွယ်၍ တောင်သူပညာပေး ရက်တိုသင်တန်းကို ယမန်နေ့ နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက်သည်။


အဆိုပါရက်တိုသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မိုး ကနွေစပါး၊ နေကြာ၊‌ ဆောင်းသီးနှံ လျာထားဧကများ အပြည့်အဝ စိုက်ပျိုးရေး၊ မိုးစပါးရာသီတွင် ကျရောက်တတ်သော စပါးဖျက်ပိုးများအကြောင်း၊ တောင်သူများအနေဖြင့် စပါးဖျက်ပိုးများနှင့် ပတ်သက်၍ စပါးဖျက်ပိုး ကာကွယ်နှိမ်နင်းနည်းများအား၊ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။


ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးဖြစ်ထွန်းမည့် မြေနေရာ၊ ရွေးချယ်စုဖွဲ့စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးအတွက် ပြန့်ကြဲစိုက်ပျိုးခြင်းမပြုဘဲ တစ်ကွင်းတစ်စပ်တည်း စုဖွဲ့စိုက်ပျိုး ဆောင်ရွက်ရန်၊ စိုက်ပျိုးမည့်မြေနေရာများ၊ မြေဆီလွှာ စမ်းသပ်စစ်ဆေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပို့ချသည်။


အဆိုပါသင်တန်းသို့တက်ရောက်လာသော ဒေသခံတောင်သူများက သိလိုသည်များ မေးမြန်း ဆွေးနွေးကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူက ပြန်လည်ဆွေးနွေး ပြောကြား‌ခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဧကပြည့်မှီရေး၊ စပါးဖျက်ပိုးကာကွယ်ရေး၊ စပါးအထွက်ကောင်းစေရန် တောင်သူများနှင့် အသိပညာပေး ရက်တိုသင်တန်းများကို နေ့ရက်အလိုက် အဖွဲ့(၃)ဖွဲ့ခွဲ၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျာပုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။


သတင်း - အောင်ဝင်းနိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)