နမ့်စန်တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံး ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံး ဖွင့်လှစ်

 


MNP - အောက်တိုဘာ   ၁၆


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး ရုံးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၅)ရပ်ကွက်၊ နမ့်စန်-မိုးနဲလမ်းမကြီးဘေးရှိ အဆိုပါနမ့်စန်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်သက်နိုင်နှင့် ရှမ်းပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်းတို့က ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ခရိုင်လယ်ယာမြေ စီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပျက်ဖျန်းပေးခဲ့ကြသည်။


ထို့နောက် ဖွင့်ပွဲအခမ်းအနားကိုခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ရုံး အတွင်းတွင် ဆက်လက်ကျင်းပရာ ရှေးဦးစွာ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင်က အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးသန်းဝင်းက ခရိုင်ရုံးဖွင့်ပွဲအထိမ်းအမှတ်အလံများကို ပေးအပ်ခဲ့ရာ နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်သက်နိုင် ၊ အမှတ်(၇၃)သံချပ်ကာတပ်မမှူး ဗိုလ်မှူးချုပ် ညီညီဝင်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး တို့က လက်ခံရယူခဲ့သည်။


အဆိုပါ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ရုံးသစ်ဖွင့်ပွဲသို့ နမ့်စန် မြို့နယ်မှခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ နမ့်စန်၊ ကွန်ဟိန်း၊ မိုးနဲ၊ ခိုလမ်၊ ကာလိ နှင့် ကျိုင်းတောင်းမြို့တို့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းဦးစီးဌာန ဦးစီးမှူးများနှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ကြောင်းသိရသည်။


သတင်း - သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)