ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး




MNP - အောက်တိုဘာ  ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌‌ကျော်စိုး‌က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်များက လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ‌ပေးခြင်းနှင့် မှုခင်းကျဆင်းရေးကိစ္စရပ်များ၊ မီးဘေးနှင့် လျှပ်စစ်မီးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ စသည့် ကဏ္ဍများအလိုက် ဆွေးနွေး၍ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြ‌ကြောင်းသိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)