(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကရင်ပြည်နယ် ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကရင်ပြည်နယ် ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်



MNP - အောက်တိုဘာ   ၈


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲဝင် ကရင်ပြည် နယ်ကိုယ်စားပြုအသင်းအား ပြည်နယ်ဝန်ကြီးချုပ်မှ ထောက်ပံချီးမြှင့်ခြင်းနှင့် အောင်နိုင်ရေး အလံပေးအပ်သည့် အခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။


ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲများကို အဆင့်ဆင့်ကျင်းပ၍ အရည်အချင်းရှိသူများကို စိစစ်ရွေးချယ်ကာ စခန်းသွင်းလေ့ ကျင့်စေပြီး ပြိုင်ပွဲအား သွားရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အနေဖြင့် ဝါသနာရှင်(မထမတန်း) (ဒုတိယတန်း)ပြိုင်ပွဲများ၊ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲများ၊ အခြေခံပညာအဆင့်ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင် ၁၀၀ ဦး ပါဝင်ယှဉ်ပြိုင်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အကောင်းဆုံး ကြိုးစားပါဝင်ယှဉ်ပြိုင်ကြရန်နှင့် အောင်မြင်မှု အသီးအပွင့်များဖြင့် ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ကြသူများ ဖြစ်ကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့် အမျိုးသား/အမျိုးသမီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များက မဟာဂီတ၊ ခေတ်ဟောင်းကာလပေါ်၊  အမျိုးဂုဏ် ဇာတိဂုဏ်တေးသီချင်းများ၊ တစ်ဦးချင်းအကများ၊ ကဗျာလွတ်အက၊ မွန်ယိမ်းအက၊ ကရင် ရိုးရာဒုံးအကတို့ဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုထံ အောင်နိုင်ရေးအလံပေးအပ်ကာ ပြိုင်ပွဲဝင်များအား ထောက်ပံ့ငွေကျပ် ၅၇ သိန်းကို ချီးမြှင့်ပေးအပ်သည်။


ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)