MNP - အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ကျောင်းထိုင်ဆရာတော်ကြီးများက ကြီးမှူးပြီး ဆွမ်းလောင်းလူငယ်များ၏ ပံ့ပိုးကူညီမှုများဖြင့် မြို့ပေါ်သံဃာတော်များစုပေါင်း၍ မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့တစ်ပါတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာတွင် ဘူးသီးတောင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှဆရာတော်၊ သင်္ဃာအပါး(၈၀)ပါးခန့်ပါဝင်ပြီး အေးစေတီကျောင်းတိုက်မှ စတင်ထွက်ခွာကာ မြို့ပေါ်ရပ်ကွက်များ အနှံ့လှည့်လည်ဆွမ်းခံခဲ့ကြခြင်းဖြစ်ပြီး စေတနာရှင်အလှူရှင်မြို့သူ/ မြို့သားများက ဆန်/ ကြက်သွန်အစရှိသည့် ဆွမ်းခြောက်များကို သဒ္ဒါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများဖြင့် ရရှိလာသည့် ဆွမ်းဆန်စိမ်းများ၊ အခြားဆွမ်းခြောက်များနှင့် နဝကမ္မအလှူငွေများကို ဆွမ်းလောင်းလူငယ်များက သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းများသို့ ခွဲဝေ၍ ကူညီပို့ဆောင်ကပ်လှူပေးခဲ့ကြကြောင်း သိရသည်။
သတင်း - လှကျော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment