ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကျင်းပ




MNP - အောက်တိုဘာ   ၁၂


အခြေခံပညာကျောင်းများမှစတင်၍ ထူးချွန်ထက်မြတ်သည့် အမျိုးသား/အမျိုးသမီး မျိုးဆက်သစ် လူငယ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရေး ၂၀၂၂ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖလားအခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။


ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘောလုံးအားကစားနည်းဖြင့် မိမိတို့၏ ကျောင်း၊ မြို့နယ်၊ ပြည်နယ်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်ကြသူများဖြစ်အောင် ကြိုးစားကြစေလိုပြီး အောင်မြင်မှုအပေါ်မူတည်၍ ထိုက်တန်သည့်ဂုဏ်ပြုချီးမြှောက်မှုများကို ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် သတ်မှတ်ထားသော ဘောလုံးစည်းမျဉ်း/စည်းကမ်း ဥပဒေဘောင်အတွင်းမှ မိမိတို့မြို့နယ်ဘောလုံးအသင်းအနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲသို့ အခြေခံပညာကျောင်းပေါင်းစုံမှမြို့နယ်အဆင့် အမျိုးသားဘောလုံးအသင်း (၇) သင်း၊ အမျိုးသမီးဘောလုံးအသင်း(၇)သင်းတို့မှ ကျောင်းသား/ကျောင်းသူ ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အမျိုးသားဘောလုံးပြိုင်ပွဲအား အောင်သံလွင်အား ကစားကွင်း၌ကျင်းပ၍ အမျိုး သမီးဘောလုံးပြိုင်ပွဲအား ဘားအံမြို့မ ဘောလုံးကွင်းတွင်ကျင်းပသွားမည်ဖြစ်ကာ အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့ထိ ရက်သတ္တပတ်တစ်ပတ် ကြာကျင်းပသွားမည်ဖြစ်သည်။


ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ ကုန်ကျစရိတ် ငွေကျပ် ၂၅၂၃၂၈၀၀ (နှစ်ရာ့ငါးဆယ်နှစ်သိန်းသုံးသောင်းသုံးထောင်ရှစ်ရာကျပ်)အား ပြည်နယ်ပညာ ရေးမှူးရုံးမှ ညွှန်ကြားရေး မှူးဒေါ်နန့်စယ်လီလှိုင်ထံပေးအပ်ချီးမြှင့်ပြီး ကျောင်းသားအားကစားသမား အဖွဲ့များအား ငွေကျပ် ၂၇၉၂၀၀၀၀ (နှစ်ရာခုနှစ်ဆယ့်ကိုးသိန်းနှစ်သောင်းကျပ်)ကို သက်ဆိုင်ရာ မြို့နယ်အလိုက် ခွဲဝေပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က အခမ်းအနားတွင် တီးမှုတ် ဖျော်ဖြေပေးပါသော အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းမှ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ အား ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။


ထို့နောက် အဖွဲင့်ပွဲစဉ်အဖြစ် ဘားအံမြို့နယ်အမျိုးသားဘောလုံးအသင်းနှင့် ကော့ကရိတ်မြို့နယ် အမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ ဆရာ၊ ဆရာမ၊ကျောင်းသား၊ကျောင်းသူများ၊ ဘောလုံး အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ဘားအံမြို့နယ်အမျိုးသား ဘောလုံးအသင်းက ၃ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။        


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)