ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစံပြစိုက်ကွက်များ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိမည့် အခြေအနေနှင့် တစ်နှစ်ပတ်လုံး သီးထပ်သီးနှံနေကြာအပါအဝင် တစ်နှစ်(၃)သီး စိုက်ပျိူးထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစံပြစိုက်ကွက်များ တစ်ဧကတင်း ၁၀၀ ကျော်ထွက်ရှိမည့် အခြေအနေနှင့် တစ်နှစ်ပတ်လုံး သီးထပ်သီးနှံနေကြာအပါအဝင် တစ်နှစ်(၃)သီး စိုက်ပျိူးထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

 



MNP - အောက်တိုဘာ   ၃၀


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစံပြစိုက်ကွက်နှင့် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်များအတွင်း တစ်ဧကတင်း ၁၀၀ အထက် အထွက်နှုန်းတိုးပွားလာ မည့်အခြေအနေနှင့် သီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုနှင့် ရေအရင်းအမြစ်ရရှိရေးအတွက် ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း တစ်ဧက ၁၀၀ တင်း ၁၀၀ ကျော် ထွက်ရှိရေး စိုက်ပျိုးထားခဲ့သည့် ဆင်းဧကရီ-၃ မိုးစပါးများ ရင့်မှည့်၍ အောင်မြင်ဖြစ်ထွန်းနေမှု အခြေ အနေများနှင့် ယခင်နှစ်အထွက်နှုန်းထက် တစ်ဧကလျှင်တင်း ၁၂၀ နီးပါးထွက်ရှိနိုင်မည့် အခြေအနေ ကို  လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း မိုးစပါးအပြင် သီးထပ်သီးနှံ နေကြာအပါအဝင် ဟင်းသီးဟင်းရွက်စိုက်ခင်းများဖြင့် တစ်နှစ်ပတ်လုံး သီးထပ် (၃)သီးဖြင့် တိုးချဲ့ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးသွင်းအားစုများနှင့်စံပြစိုက်ကွက်အတွင်း ရေအရင်းအမြစ်အလုံအလောက် ရရှိရေး ဆိုလာစက်ရေတွင်းများ တူးဖော်ဆောင်ရွက်သွားနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။


ထို့နောက် စံပြစိုက်ကွက်အတွင်း မိုးရာသီရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေး ပြည်နယ်ဆည် မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တူးဖော်ဖောက်လုပ်ထားသည့် အရှည်ပေ ၁၀၀၀၀ ရှိ  ရေမြောင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းစနစ်တကျ ဆောင်ရွက်သွားရေး၊ မြောင်းကူးတံတား (၂)စင်းတည်ဆောက်နိုင်ရေးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စံပြစိုက်ခင်းအား ပြည်နယ်၏ စံပြစိုက်ခင်းတစ်ခုအဖြစ် သန့်ရှင်းသာယာလှပပြီး အများပြည်သူအပန်း ဖြေလေ့လာနိုင်သည့် နေရာတစ်ခုဖြစ်လာစေရေး ရေနှုတ်မြောင်းတစ်လျှောက် ဝဲ/ယာတစ်ဖက် စီတွင် ကွန်ကရစ်လျှောက်လမ်းနှင့် ပန်းအလှစိုက်ခင်းများ ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မုတ်လွှဲကျေးရွာ ကွင်းအမှတ် (၄)အတွင်း မိုးစပါးမှော်ဘီ မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွက်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာအဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မှော်ဘီမျိုးသန့်မျိုးစေ့များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ဆောင်းသီးထပ်သီးနှံအဖြစ် နေကြာသီးနှံကို စံပြစိုက်ကွက်နှင့် တစ်ဆက်တစ်စပ်တည်း ဧက ၅၀ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးသွင်းအားစုများ ရရှိရေး၊ ရေအရင်း အမြစ်လုံလောက်မှုရှိစေရေးအတွက် ကျေးရွာအဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဂျပန်တံတား၌ စံပြစိုက်ကွက် ဧက ၁၀၀ မှ စတင်ဖောက်ထုတ်ထားသည့် ရေနှုတ်မြောင်း ဆက်လက်တူး ဖော်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း လေဆိပ်ရှေ့ မြေယာအလှပြုပြင်ပြီး အရိပ်ရအပင်နှင့် အလှပန်းပင်များ စိုက်ပျိုးဆောင်ရွက်ထားရှိမှု၊ လေဆိပ် အဆောက်အအုံ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပလာစေရေး၊ လေဆိပ်အတွင်း မြေယာရှုခင်းနှင့် ပန်းအလှပင်များဖြင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် လေဆိပ်ဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိ ရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)