ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရာတွင် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရာတွင် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး





MNP ၊ အောက်တိုဘာ ၁၉

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ် များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဒုတိ ယအကြိမ်ထိုးနှံရာတွင် ကျန်ရှိနေသူများအား ဆက်လက်ထီုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် မိခင် နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျှက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သြဂုတ် ၈ ရက် နေ့မှ ၉ ရက်နေ့ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ တွင် အကြောင်းအမျိုးမျိုးကြောင့်  ထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရသည်။

  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဘီးလင်းမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ  ဝန်ထမ်းများက နံနက် ၉ နာရီမှ မွန်းလွဲ ၁နာရီအထိ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။


ဇာနည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)