ဒုံဝန်းကျေးရွာ၊ ရွှေကြာရံစေတီတော်မြတ်ကြီး ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုံဝန်းကျေးရွာ၊ ရွှေကြာရံစေတီတော်မြတ်ကြီး ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ






MNP ၊ အောက်တိုဘာ ၁၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ရွှေကြာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို  ယမန်နေ့ မွန်းလွဲပိုင်းက အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။


ဒုံဝန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း အုပ်စုအလိုက် ဒါယကာ ၊ဒါယိ ကာမများ စုပေါင်းလှူဒါန်းသည့် ရွှေကြာသင်္ကန်းများကို ကြာသင်္ကန်းကပ် အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ညနေ ၃ နာရီခန့်မှ စတင်ကာ ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို အဖွဲ့အလိုက် စီတန်းကိုင်ဆောင်ကာ လှည်လည်ကြပြီး ရွှေကြာရံစေတီတော်အပါအဝင် ဘုရားငါးဆူစေတီများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းများရှိ စေတီများအား ကပ်လှူ ပူဇော်ခဲ့ကြောင်း သိရသည်။


နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့၌ ကျင်းပပြုလုပ်မြဲဖြစ်သည့် ရွှေကြာရံစေတီတော် ဗုဒ္ဓပူဇေနိယပွဲတော်နှင့် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲသို့  ဒုံဝန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင် ကျေးရွာများမှ ဘုရားဖူးပြည်သူ အများအပြား လာရောက်ခဲ့ကြပြီး အလှူရှင်များက မုန့်ဟင်းခါး၊ အကြော်စုံ၊ အချိုရည်စသည့် စတုဒီသာအဟာရများဖြင့် ကုသိုလ်ပြုကျွေးမွေးဧည့်ခံခဲ့ကြသည်။


ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်မြတ်ကြီးကို သာသနာနှစ် ၂၁၆၂ ၊ ကောဇာသက္ကရာဇ် ၉၈၀၊ ခရစ်နှစ် ၁၆၁၉ တွင် အင်းဝမင်းဆက် ၂ အနောက်ဘက်လွန်မင်း လက်ထက် မုတ္တမမြို့စား ဗညားဒလ တည်ထားခဲ့ကြောင်း ဂေါပကအဖွဲ့မှတ်တမ်းအရ သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)