MNP - အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်စေရေးအတွက် မြို့နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့က တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်မှုအား တွေ့ရှိပါက တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ ယာဉ်တိုက်မှုဖြစ်ပွား ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်မောင်းများနှင့် လမ်းဖြတ်ကူးသူများ လိုက်နာရန် အချက်များနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် နှစ်အလိုက် ယာဉ်တိုက်မှု နှိုင်းယှဉ်ချက်များ၊ အသိပညာပေး ကာတွန်းသရုပ်ဖော်ပုံများပါဝင်သည်။
အဆိုပါ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဆောင်ရွက်ခြင်းကို တိုက်ကြီး မြို့နယ် ယာဉ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး ဦးဆောင်သော အဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - စန်းကလျာခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment