စလင်းမြို့နယ်အတွင်းရှိ စလင်းတမံရေပိုလွှဲမှ ရေကျော်စီးဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်အတွင်းရှိ စလင်းတမံရေပိုလွှဲမှ ရေကျော်စီးဆင်း

 


MNP - အောက်တိုဘာ   ၃


မကွေးတိုင်ဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ စလင်းရေလှာင်တမံ အထက်ပိုင်းဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယမန်နေ့ည ၁၀ နာရီအချိန်မှ စတင်ကာ စလင်းတမံရေပိုလွှဲမှ ရေများစတင်ကျော်ကျစီးဆင်းကြောင်း သိရသည်။


စလင်းတမံသည် စက်တင်ဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း စလင်းမြို့နယ်အတွင်းနှင့် စလင်းတမံအထက် အညာဒေသများတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယမန်နေ့ည ၁၀ နာရီအချိန်က တမံအတွင်း မိုးရေဝင်ရောက်မှုရှိခဲ့ကာ တမံရေပြည့် အမှတ် ၇၆၀.၀၀ ပေအထိရှိခဲ့ပြီး ည ၂၂.၀၀ နာရီအချိန်တွင် မိုးရေပိုမိုဝင်ရောက်မှုရှိခဲ့ပြီး ရေပြည့်အမှတ် ၇၆၀.၁၀ ပေအထိရှိလာခဲ့ကာ ရေပိုလွှဲမှ ဝ.၁၀ပေ စတင်စီးဆင်းကျော်ကျခဲ့ကာ၊ စလင်းတမံအတွင်း ယနေ့နံနက် (၆) နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်အမှတ်ဖြစ်သည့် ၇၆၀.၀၇‌ ပေ ရှိပြီး ရေကျော်ကျမှု ဝ.၇‌ ပေရှိကာ မိုးရေချိန် ဝ.၃လက်မနှင့် မိုးအနည်းငယ်ရွာသွန်းမှုရှိ‌‌ကြောင်းနှင့်  ဒေသခံပြည်သူများအတွက် စိုးရိမ်ပူပန်စရာရမရှိ‌ကြောင်း တမံအတွင်း ရေလုံလောက်မှုရှိကြောင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေမိုးဆောင်းစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေဖူလုံစွာရရှိပြီဖြစ်ကြောင်း စလင်းတမံမှရေကိုမှီခိုအသုံးပြုနေကြသော ဒေသခံတောင်သူများ စိုက်ပျိုးရေးလုပ်လုပ်ငန်းအတွက် အဓိကမှီခိုအားထားရသော တမံတစ်ခုဖြစ်ကြောင်း တမံတာဝန်ခံ SAE ဦးခိုင်ထွန်းနှင့်ဆည်မြောင်း AEဦးမျိုးမြင့်တို့ထံမှ သိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)