ရသေ့တောင်မြို့တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ )ရေးသားသည့် ခေါင်းဆောင်မှုနှင့်စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ )ရေးသားသည့် ခေါင်းဆောင်မှုနှင့်စီမံခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်



MNP ၊  အောက်တိုဘာ  ၁၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် ယနေ့ နေ့လည်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ် ပညာ )ရေးသားသည့် ခေါင်းဆောင်မှုနှင့် စီမံခြင်းစာအုပ် ဖြင့်စာဖတ်ဝိုင်းကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊စာပေမှရသောအသိအမြင်ဗဟုသုတများကိုအသုံးချ၍ လက်တွနယ်ပယ်တွင် တတ်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊စာပေကိုမြတ်နိုးတန်ဖိုးထားသူများပိုမိုတိုပွားများလာစေရန်နှင့်အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်ရန်၊ အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ 


ဆက်လက်၍ စာပေချစ်မြတ်နိုးသူBook Club အဖွဲ့ဝင်ဦးဌေးဝင်းမှ စာရေးဆရာချစ်နိုင်(စိတ်ပညာ )ရေးသားသည့် ခေါင်းဆောင်မှုနှင့်စီမံခြင်းစာအုပ်မှ လူဆိုသည်မှာ စာပိုဒ်အားဆွေးနွေးပြောကြားပြီးBook Club အဖွဲ့ဝင် ဒေါ်ခင်နီလာစိုးမှ လူငယ်နှင့် အဝတ်အစား စာပိုဒ် တို့အား အချင်းချင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူး မှ ထပ်ဆင့်ရှင်းလင်း ဆွေးနွေး‌ခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်းသို့Book Club အဖွဲ့ဝင် (၈)ဦးတက်ရောက်ခဲ့ကြောင်းသိရှိသည်။


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)