ငါန်းဇွန်မြို့နယ်မှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် ခိုင်မြဲသော စိတ်ဓာတ်ဖြင့် ရဲဝံ့စွာထမ်းဆောင်ခဲ့သူများအား ရဲဗလတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်မှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် ခိုင်မြဲသော စိတ်ဓာတ်ဖြင့် ရဲဝံ့စွာထမ်းဆောင်ခဲ့သူများအား ရဲဗလတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၂၈


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများ၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များထမ်းဆောင်ရာတွင် ခိုင်မြဲသောစိတ်ဓာတ်ဖြင့် ရဲဝံ့စွာထမ်းဆောင်ခဲ့ သူများအား ရဲဗလတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်သည့် ရွှေဖြင့်ပြုလုပ်ထားသည့် ရဲဗလတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များ ထမ်းဆောင်ရာတွင် ခိုင်မြဲသော စိတ်ဓာတ်ဖြင့် ရဲဝံ့စွာထမ်းဆောင်ခဲ့သူ (၄) ဦးအတွက် ရဲဗလတံဆိပ်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရွှေတံဆိပ်တို့အား ပေးအပ်ချီးမြှင့်ရာ ကာယကံရှင်(၁)ဦးနှင့် မိသားစုဝင်(၃)ဦး၏ လက်ဝယ်အရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ရဲဗလတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသူ မိသားစုဝင်များ တက်ရောက်ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)