လှည်းကူးမြို့နယ်တွင် နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံမှုရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက နေကြာသီးနှံစိုက်ပျိုးရေးတောင်သူပညာပေးဆွေးနွေးပွဲကို လှည်းကူးမြို့နယ်၊ လက်ပံကျေးရွာအုပ်စု၊ ကောက်ကွေ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါနေကြာသီးနှံစိုက်ပျိုးရေး တောင်သူပညာပေးဆွေးနွေးပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေအောင်တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းအရာများဆွေးနွေးခြင်းနှင့် နေကြာသီးနှံကိုစားသုံးဆီလုံလောက်စွာရရှိနိုင်ရေးအတွက် လျာထားဧကပြည့်မီအောင်စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနမှဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစန်းအောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများက နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရပြီး တက်ရောက်လာကြသည့်ဒေသခံတောင်သူများက မိမိတို့သိရှိလိုသည့်နေကြာသီးနှံစိုက်ပျိုးရေးအကြောင်းအရာများကို မေးမြန်းခဲ့ကြရာတာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - အေးအေးနွဲ့


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)