ချမ်းမြသာစည်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းမြသာစည်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် အထက်တန်းကျောင်း၊ အထက်တန်း(ကျောင်းခွဲ)၊ အလယ်တန်းကျောင်း၊ အလယ်တန်း(ကျောင်းခွဲ)၊ မူလတန်းလွန်ကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ချယ်ရီခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ချမ်းမြသာစည်မြို့နယ် ပညာရေးမှူးဒေါ်စန်းစန်းနုက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားတိုင်းအနည်းဆုံး G-9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတတ်အောင် ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အချင်းချင်းတတ်သိနားလည်ထားကြသည့် အသိပညာ၊ အတတ်ပညာများကို ဖလှယ်ကြခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ကြောင်းနှင့် အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူးက ဆွေးနွေးပွဲတွင်ပါဝင်သည့် ဘာသာရပ်များ၊ ဆွေးနွေးပွဲ၏ အချိန်ဇယားထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း(၃၄)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ် အကဲဖြတ်ခြင်းဘာသာရပ်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ခင်စိမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)