(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုငပွဲတွင် ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုငပွဲတွင် ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကျင်းပ




MNP - အောက်တိုဘာ   ၂၀


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်များအား ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယမန် နေ့ည(၆)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် ကျောင်းသား/ သူများနှင့် ဝါသနာရှင် အနုပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သမိုင်းအစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာမြင့်မားလှသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကြီးအား နေပြည်တော်တွင် ခမ်းခမ်းနားနားကျင်းပခဲ့ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးကိုယ်စားပြုပါဝင်ယှဉ်ပြိုင်သူ(၁၉၃)ဦးဖြင့် ပြိုင်ပွဲဝင်ဘာသာရပ်(၆၅) ရာခိုင်နှုန်းအား ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၆)ဆု၊ ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ် (၄)ဆုနှင့် နှစ်သိမ့်ဆု(၅)ဆုတို့ဖြင့် တိုင်းဒေသကြီး/ပြည်နယ်(၁၄)ခုတွင် အဆင့် (၇)ရရှိခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ သူများ၊ ဝါသနာရှင် အနုပညာရှင်ပုဂ္ဂိုလ်များနှင့်ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ အားလုံးအား မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ပြိုင်ပွဲ ဝင်များအနေဖြင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေး စရိုင်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့် အတူတကွ ပြိုင်ပွဲဝင် ခဲ့ကြသည့် တိုင်ဒေသကြီး/ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မြဲစေအောင် ဆက်လက်ကြိုးစား တည်ဆောက်သွားကြရန် မှာကြားလိုပါကြောင်းနှင့် နောင်လာမည့်နှစ်များတွင် ကျင်းပမည့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ပြီး ယခုထက်ပိုမိုသည့် ဆုတံဆိပ်များ ပိုမိုဆွတ်ခူးနိုင်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင်ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် အနုသုခုမပညာရပ်များကို မပျောက်ပျက်အောင် အစဉ်ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။


ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုများရရှိခဲသည့် ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။


ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင် ကျောင်းသား/သူများ၊ ဝါသနာရှင် အနုပညာရှင်များနှင့် ဆံရစ်ဝိုင်းပျိုဖြူလေးများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)