မြို့နယ်ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်ဌာနဆိုင်ရာများ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်



MNP ၊ အောက်တိုဘာ     ၃

ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်  ၁၀ နာရီအချိန်က‌ ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဖြိုးသူမောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်များဖြစ်သည့် ပုံစံ ၆၆/၆ များစနစ်တကျဆောင်ရွက်ထားရှိရေး၊သတင်းများအချိန်နှင့်တပြေးညီတင်ပြနိုင်ရေး၊တရားမဝင် ခိုးဝင်များစနစ်တကျဆောင်ရွက်ရန်၊ဒေသနွားများအပြင်နို့စားနွားများမွေးမြူနိုင်ရေး၊တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးကြိုးစားဆောင်ရွက်သွားရန်၊ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်နိုင်ရေး၊စ်ကြောင်းကြီး ၅ ကြောင်းဖြင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးဆောင်ရွက်မှုအခြေအနများကိုဦးစွာရှင်းလင်းပြောကြားသည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (First Booster Does)နှင့်(second Booster Does) ထိုးနှံနိုင်ရေးကျန်းမာရေးဌာနနှင့်အုပ်ချုပ်ရေးပူးပေါင်းဆောင်ရွက်၍ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးနှင့်‌ ပေါက်ခေါင်းမြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲ ကျင်းပနိုင်ရေးတို့ကို တက်ရောက်လာသူများနှင့်ဆွေးနွေးညှိနှိုင်းခဲ့သည်။

ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း‌ ဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပြီး၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)