ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး





MNP ၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာရေနံ နှင့် ဓာတုဗေဒလုပ်ငန်းများမှ ထုတ်လုပ်လျက်ရှိသောယူးရီးယား ဓာတ်မြေဩဇာကို ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပေါက်တောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းထွန်း က တက်ရောက်အဖွင့်အမှာစကားပြောကြား၍ ပေါက်တောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး က  ယူးရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချရ ခြင်းအကြောင်းကိုရှင်းလင်း ပြောကြား ပြီးပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူ ၅၁ ဦးသို့ ယူးရီးယားဓာတ်မြေဩဇာ ၅၁ အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းထွန်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေး နှင့် ဆက်စပ်ဌာန အကြီးအကဲများ၊ဒေသခံတောင်သူများ တက်ရောက်ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)