သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် ကျောက်ပန်းတောင်းမြို့ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများ ကုသိုလ်ပြုသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့အခါသမယတွင် ကျောက်ပန်းတောင်းမြို့ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများ ကုသိုလ်ပြုသူများဖြင့် စည်ကား



MNP - အောက်တိုဘာ   ၁၀


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုရှိ ဘုရားပုထိုးစေတီများတွင် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် ယမန်နေ့ညနေ (၄) နာရီမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ဒါန ပြုသူများ၊ ဈေးရောင်း/ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။


ကျောက်ပန်းတောင်းမြို့တွင် သီတင်းကျွတ်လပြည့်နေ့၌ ရပ်ကွက်အလိုက် ဓမ္မာရုံဘုရားပွဲများနှင့် ဝါတွင်းကာလ နောက်ဆုံးပတ် ဆွမ်းသိမ်းအောင်ပွဲများကို ကျင်းပကြရာ၊ နံနက်စောအာရုံတက်ချိန်မှစ၍ မြို့ပေါ်တွင် စည်ကားလျက်ရှိနေပြီး ကျေးရွာဘုရားပွဲများသို့ လှည့်လည်သွားလာကြသည့် ယာဉ်များ၊ ပုဂံ/ ပုပ္ပားဘုရားဖူးဧည့်သည်ကားများဖြင့်လည်း မြို့လယ်လမ်းမကြီးတစ်လျှောက် မော်တော် ကားများဖြင့် ပြည့်လျက်ရှိသည့်အပြင် စားသောက်ဆိုင်/လဘက်ရည်ဆိုင်များတွင်လည်း နေရာလွတ်မရှိအောင် အရောင်းဝယ်ကောင်းနေကြကြောင်းသိရသည်။


ထို့ပြင် ညနေ(၄)နာရီမှစတင်၍ မြို့ပေါ်ရှိဘုရားစေတီများဖြစ်သည့် ဆုတောင်းပြည့် မဟာစေတီကြီးဘုရား၊ မြို့ဦးအောင်စေတီဘုရား၊ သုံးဆူတန်းဘုရား၊ ကုန်းတော်ကြီးဆုတောင်း ပြည့်ဘုရားနှင့် သက်တော်ရှည်/ သက်တော်ရဘုရား၊ မြတ်ရွှေကူဘုရားတို့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြား လျက်ရှိနေသည့်အပြင်၊ နေရာထိုင်ခင်းကျယ်ဝန်း၍ မိသားစု၊ သူငယ်များအစုအဖွဲ့အလိုက် နားနားနေနေ အနားယူအပန်းဖြေနိုင်သည့် မြို့ဦးမြို့ထိပ်တွင် တည်ထားကိုးကွယ်ထားသော မြို့ဦးအောက်စေတီ ဘုရားတွင် ဘုရားဖူးသူများ၊ ငါးစာကျွေးကုသိုလ်ပြုသူများ၊ ဘုရားဖူးရင်းနားနားနေနေ လာရောက် အပန်းဖြေသူများဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။


သတင်း - နေအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)