ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေး တုံလုံကျေးရွာတွင် ကွန်ကရစ်လမ်းများ ခင်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေး တုံလုံကျေးရွာတွင် ကွန်ကရစ်လမ်းများ ခင်းပေး



MNP - အောက်တိုဘာ  ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိသားစု(၁၀၀)စု လူမှုဘဝများဖွံ့ဖြိုးတိုးတက်စေရေးမြင်းကဘက်အုပ်စု၊ တုံလုံကျေး ရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (VDP) စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် တုံလုံကျေးရွာတွင်းလမ်း များအား ကွန်ကရစ်ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


အဆိုပါလမ်းများအား ကွန်ကရစ်ခင်းပေးရာတွင် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေ(၁၀၀)သိန်း၊ ပြည်သူ ထည့်ဝင်ငွေ၊လုပ်အား(၅.၃၀)ကျပ်သိန်း၊ စုစု ပေါင်းငွေကျပ်(၁၅.၃၀)ကျပ်သိန်း အကုန်အကျခံကာ အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းပေးခြင်းဖြစ် ကြောင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသောကြောင့် ကျေးရွာပြည်သူများ၏လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး ကျေးရွာတွင်း လမ်းများမြို့ပြနှင့်မခြားဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများ သွားလာရာတွင် များစွာအဆင်သွားပြီဖြစ်ကြောင်း  သိရသည်။


ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် သတ်မှတ်ကာလနှင့်လမ်းအရည် အသွေးပြည့်မီရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးပေးခဲ့ပြီး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ တုံလုံကျေးရွာမှအိမ်ခြေ(၁၀၀)အိမ်၊ လူဦးရေ(၄၈၁)ဦးတို့ သွားလာရာတွင် အဆင်ပြေလျက်ရှိပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)