ပြင်ဦးလွင်မြို့နယ် ရွှေစည်းခုံတောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအင်္ကုရဉာဏ သက်တော် (၅၆) နှစ် ဝါတော် (၃၆) ဝါရ မဟာထေရ်မြတ်၏ အန္တိမ အဂ္ဂိဈာပနပူဇာသဘင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် ရွှေစည်းခုံတောရကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအင်္ကုရဉာဏ သက်တော် (၅၆) နှစ် ဝါတော် (၃၆) ဝါရ မဟာထေရ်မြတ်၏ အန္တိမ အဂ္ဂိဈာပနပူဇာသဘင် ကျင်းပ

 



MNP - အောက်တိုဘာ   ၁၉   


မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး (၈) ၊ ရွှေစည်းခုံတောရ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက (ဂန္ထဝါစကပဏ္ဍိတ) သာသနဓဇ ဓမ္မာစရိယ ၊ ဝိနယဝိဒူ ၊ ဒီဃနိကာယဝိဒူ ၊ သံယုတ္တနိကာယဝိဒူ ၊ အင်္ဂုတ္တရနိကာယဝိဒူ (ရပ်ကွက်ကြီး (၈) သံဃနာယက ဥက္ကဋ္ဌ)၊ မြို့နယ်ဝိနည်းဓိုရ်ဆရာတော် ဘဒ္ဒန္တအင်္ကုရဉာဏ၊ သက်တော် (၅၆) နှစ်၊ သိက္ခာတော် (၃၆) ဝါ ဆရာတော်အရှင်သူမြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။


ဆရာတော်ကြီးကို မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ပျော်ဘွယ်ရွာတွင် ဖွားမြင်ခဲ့ပြီး သားသမီး (၃)ဦးအနက် ဒုတိယမြောက် သားတော်ဖြစ်ပါသည်။ အသက် (၇) နှစ်အရွယ်တွင် ပျော်ဘွယ်ရွာ၊ အောင်မြေဘုံစံကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတမထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ မိဘနှစ်ပါး၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ ပြုတော်မူခဲ့သည်။


ဆရာတော်ကြီးသည် တောင်ငူမြို့၊ သုဓမ္မာပရိယတ္တိစာမေးပွဲ ဒုတိယဆင့်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ရေတာရှည် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိစာပေးပွဲ တတိယဆင့် (ပထမဂုဏ်ထူးပဉ္စမဆင့် (ပထမဂုဏ်ထူး)၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ဝိနယာဓိကစာမေးပွဲ တတိယဆင့်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ အခြေပြုမူလတန်း (ဂုဏ်ထူး)၊ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း၊ သာသနဓဇ ဓမ္မာစရိယဘွဲ့၊ အစိုးရနိကာယ် ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ၊ သံယုတ္တနိကာယဝိဒူ၊ အင်္ဂုတ္တရ နိကာယဝိဒူတို့ကို ဖြေဆိုအောင်မြင်တော်မူခဲ့ပြီး တောင်ငူမြို့၊ ပြင်ဦးလွင်မြို့တို့၌ ပရိယတ္တိစာပေများ သင်ကြားပေးခဲ့ကာ ၁၃၇၉ ခုနှစ်တွင် ပြင်ဦးလွင်မြို့၊ ရွှေစည်းခုံတောရကျောင်းတိုက်သို့ ပြောင်းကြွတော်မူ၍ ကျောင်းတိုက်၏ဦးစီးပဓာန နာယကအဖြစ်ဖြင့် ပရိယတ္တိသာသနာပြုလုပ်ငန်းများကို ဆောင်ရွက်တော်မူခဲ့သည်။


ဆရာတော်ကြီးသည် ၁၃၆၈ ခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနမှ ဆက်ကပ်လှူဒါန်းသည့် ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ကို ရရှိခဲ့ပြီး သက်တော်(၅၆)နှစ်၊ သိက္ခာတော်(၃၆)ဝါတွင် ဘဝနတ်ထံ စံလွန်တော်မူခဲ့ကြောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာကို (၁၈-၁၀-၂၀၂၂) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ပြင်ဦးလွင်မြို့နယ် (၈) မိုင် သုဿာန်သို့ပင့်ဆောင်ကာ ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပခဲ့ကြောင်း ဆရာတော်မဟာထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများမှ သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)