ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိသားစုဝင်ငွေတိုးပွားစေရေး မြေအောက်ရေဖြင့် ကြက်ဟင်းခါးသီးနှံ အားထားစိုက်ပျိုးလုပ်ကိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ မိသားစုဝင်ငွေတိုးပွားစေရေး မြေအောက်ရေဖြင့် ကြက်ဟင်းခါးသီးနှံ အားထားစိုက်ပျိုးလုပ်ကိုင်



MNP - အောက်တိုဘာ   ၁၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အညာကျေးလက်ဒေသများရှိ ဒေသခံတောင်သူများသည် မိသားစုဝင်ငွေ တိုးပွားစေရေးအတွက် မြေအောက်ရေဖြင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းတွင် ကြက်ဟင်းခါးသီးနှံ စိုက်ပျိုးရေးလုပ်ငန်း မှာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ နှစ်စဉ်အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူများထံက သိရသည်။


“ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံတောင်သူတွေဟာ ဟင်းသီးဟင်းရွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုး လုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက်သီးနှံများထဲမှာ ကြက်ဟင်းခါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုဝင်ငွေကောင်းလို့ အဆင်ပြေပါတယ်။ ကြက်ဟင်းခါးသီးနှံက  ပူနွေးသောရာသီဥတုကို ကြိုက်နှစ်သက်ကာ ရေစီးရေလာကောင်းပြီး မြေဩဇာအသင့်အတင့်ရှိသောနေရာတွင် စိုက်ပျိုးဖြစ်ထွန်း ကြောင်း၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းမြေများတွင် ပို၍စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးရန်အတွက် ကနဦးမြေညက်အောင် ထွန်ယက်ရကြောင်း နှင့် စိုက်ပျိုးရာတွင်လည်း တစ်တန်းနှင့်တစ်တန်း အနည်းဆုံး ၅ ပေအကွာထားရှိပြီး တစ်ပင်နှင့်တစ်ပင် ၃ ပေခြားကြောင်းဆွဲ၍ စိုက်ပျိုးနိုင်ကြောင်း၊ စိုက်ပျိုးပြီးချိန်တွင် စင်ထိုးခြင်း၊ အပင်ကြီးထွားဖွံ့ဖြိုး အောင်မြင်စေရန်မြေစွခြင်း၊ ပေါင်းထိုးခြင်းနှင့် မြေဩဇာကျွေးခြင်းများကို ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးပြီး ၇၅ ရက်မှ ၉၂ ရက်ကြာလျှင် ရောင်းတန်းဝင် ကြက်ဟင်းသီးများကို လှိုင်လှိုင်ဆွတ်ခူးရရှိကြောင်း ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။ 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေသည့်အတွက် အညာကျေးလက်နေ တောင်သူများသည် နေ့စဉ်မိသားစုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်နှင့် စားပင်သီးနှံမျိုးစုံတို့ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် အချို့တောင်သူများမှာ သီးထပ်သီးညှပ် အဖြစ် နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးမြေနှင့် ရာသီဥတုမျှတ ကောင်းမွန်သည့်အတွက် ဟင်းသီးဟင်းရွက်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးတောင်သူများ စီးပွားရေးတွက် ခြေကိုက်လျက်ရှိနေကြကြောင်း သိရသည်။  


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)