မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP ၊ အောက်တိုဘာ ၂၉

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ဖွဲ့စည်းနိုင်ရေးအတွက် ဟိန္ဒူမျိုးနွယ်စုအသီးသီးမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို  ယမန်နေ့က နေပြည်တော်  ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ(အပေါ်ထပ်)၌ ကျင်းပသည်။


တွေ့ဆုံစဉ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ယနေ့အစည်းအဝေးသည်  ၂၀၂၃  ခုနှစ်မကုန်မီ  မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲဖြစ်မြောက်ရန် ညှိနှိုင်းခြင်းဖြစ်ပါကြောင်း၊  ထို့ကြောင့်  ရွေးချယ်ပွဲ ကော်မရှင်အဖွဲ့နှင့် မျိုးနွယ်စု ၁၀ ခုသည် သတ်မှတ်ကိုယ်စားလှယ်လောင်းအရေအတွက် ရရှိရေးနှင့် ဖွဲ့စည်းပုံစည်းမျဉ်းပါ အပိုဒ်အချို့အား ပြင်ဆင်ရေးကို ဦးစွာဆောင်ရွက်ကြစေ လိုပါကြောင်း၊ မျိုးနွယ်စုတစ်ခုချင်းအတွင်း  ညှိနှိုင်းခြင်းနှင့် မျိုးနွယ်စုအချင်းချင်းညှိနှိုင်းခြင်း၊ ဝန်ကြီးဌာနကို  ယုံကြည်အားထားခြင်းတို့ဖြင့် အခက်အခဲကိုကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၃ အရ ဘာသာရေးအဖွဲ့များကို လိုအပ်သောအကူအညီများ  ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ  ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲအတွက် ၂၀၂၀ ပြည့်နှစ် မတ်လအထိ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြပြီး မျိုးနွယ်စုအသီးသီး၏  ကိုယ်စားလှယ်များက ရွေးချယ်ပွဲနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)