သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီပုထိုးများ၌ အများပြည်သူများ လာရောက်ကုသိုလ်ကောင်မှု ပြုလုပ်သူများစည်းကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီပုထိုးများ၌ အများပြည်သူများ လာရောက်ကုသိုလ်ကောင်မှု ပြုလုပ်သူများစည်းကား



MNP - အောက်တိုဘာ  ၉


မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်က ဆုန်လပြည့်နေ့တွင် သဗ္ဗညုတဉာဏ်တော်ရှင်ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှစ၍ ၄၅ ဝါကာလပတ်လုံး မြို့ရွာများ၌ ဝါကပ်တော်မူရာ ဆဋ္ဌမဝါတွင် မကုဠတောင်၊ ချရားတောတွင် ဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အမှူးထား၍ လောကဓာတ်တစ်သောင်းမှ ရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်း တို့အား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားကို ဟောကြားတော်မူသည်။


တရားဟောကြားပြီး၍ ဝါကျွတ်သောအခါ သိကြားမင်း ဖန်ဆင်းသည့် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာ အပေါင်း ခြံရံလျက်ဆင်းသက်တော်မူသည်။ ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းကာ မြတ်စွာဘုရားအား ကြိုဆိုကြလေသည်။ ထိုအခါမှစ၍ ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်းတို့သည် သီတင်းကျွတ်လပြည့်နေ့သို့ ရောက်သောအခါ ဆီမီးတန်ဆောင်ညှိ ထောင်ထွန်းလင်းပူဇော်ခြင်းကို ယနေ့ထက်တိုင်ပြုကြလေသည်။


မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူပုံကို အာရုံပြု၍ အဘိဓမ္မာတရားကို ပွားများပူဇော်ကောင်းမှုပြုကြသည်။ ယနေ့ သီတင်းကျွတ်လပြည့်‌နေ့တွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက် ကုသိုလ်ကောင်းမှု ပြုကြကြောင်း သိရသည်။


ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာဘာသာများအလိုက် ဘာသာရေး ကျောင်းများအား ဖူးမျှော်ခွင့်ဝတ်ပြုခွင့်များကို၊ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ၊ သီတင်းကျွတ်လပြည့်နေ့ ယ‌နေ့နံနက်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာ၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဘုရားဖူးလာပြည်သူများက ဖူးမျှော်ကြည်ညို ကုသိုလ်ကောင်းမှုပြုသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)