နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ တက်ရောက်၊ ဆွမ်းဆန်တော်လောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲသို့ တက်ရောက်၊ ဆွမ်းဆန်တော်လောင်းလှူ



MNP - အောက်တိုဘာ   ၉


စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက် ဆွမ်းဆန်တော်လောင်းလှူကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် အလှူဝတ္ထု ပစ္စည်းများအား စေတနာထက်သန်စွာဖြင့် ပါဝင်ကုသိုလ်ယူလှူဒါန်းကြသည်။


ဆွမ်းဆန်တော်လောင်းလှူပွဲတွင် စစ်တွေမြို့ ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် အပါး ၅၀၀ ကျော်နှင့် သီလရှင် ၁၀၀ ကျော်တို့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးမှ စတင်ကာ ဝင်္ကပါကွင်းတစ်ပတ် လမ်းတစ်လျောက် ကြွရောက်ကာ ဆွမ်းဆန်တော်များ အလှူခံကြသည်။


စစ်တွေမြို့၊ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့၌ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဂေါပကအဖွဲ့မှ ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိ ကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)