ရပ်စောက်တွင် ကလေးများ ကာယဉာဏစွမ်းရည်မြင့်မားလာစေရေးအတွက် ပုံတူဆွဲ ပန်းချီပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်တွင် ကလေးများ ကာယဉာဏစွမ်းရည်မြင့်မားလာစေရေးအတွက် ပုံတူဆွဲ ပန်းချီပြိုင်ပွဲ ကျင်းပ

 


MNP - အောက်တိုဘာ  ၃၀


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးများကာယ၊ ဉာဏစွမ်းရည် မြင့်မားလာစေရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီက ပြန်/ဆက်ဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးများအတွက် ပုံတူဆွဲပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆုမွန်ထွန်းက ကလေးများပန်းချီဆွဲခြင်းသည် ဦးနှောက်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကလေးများအား ပန်းချီဆွဲခြင်းကို အားပေးခြင်းဖြင့် တီထွင်ဖန်တီးနိုင်စွမ်းတိုးတက်လာမည်ဖြစ်ပြီး မှတ်ဉာဏ်ကို အားကောင်းအောင် ဖန်တီးပေးနိုင်တဲ့အပြင် တွေးခေါ်နိုင်စွမ်းအားများ တိုးတက်လာစေနိုင်သည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည့်အတွက် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေး(၂၃)ဦးတို့က ပုံတူဆွဲ ပန်းချီပြိုင်ပွဲကို ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား ဦးစီးအရာရှိနှင့် ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ လူထု အခြေပြုဗဟိုဌာနတွင် ပြသထားသည့် ပြတိုက်ငယ်နှင့် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြခန်းများအား ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)