စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ






MNP ၊ အောက်တိုဘာ   ၁၃

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က  ဦးဉတ္တ မ ခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအဖွဲ့အစည်းများ ၊ ကျောင်းသား / သူများ  နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

ရှေးဦးစွာ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက    ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်များအရ အောက်တိုဘာ ၁၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြပြီး  မိမိတို့ နိုင်ငံတွင် လည်း  ၂၀၁၀ ခုနှစ်မှ စတင်ကာ  နိုင်ငံတော်အဆင့် အခမ်းအနား တစ်ရပ်အနေနဲ့ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း ၊  ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် သတ်မှတ်ထားသော ဆောင်ပုဒ်မှာ “ကြိုတင် သတိပေး ထုတ်ပြန် ချက် ဆောလျင်ဆောင်ရွက် အားလုံးတွက် “ Early Warning and Early Action For All” ဖြစ်ကြောင်း ၊  သဘာဝဘေးအန္တရာယ်ကို စီမံခန့်ခွဲဆောင်ရွက်ရာမှာ ကြိုတင်သတိပေးချက် နှင့် အချိန် နှင့် တပြေးညီရရှိရေးဟာ အရေးကြီးကြောင်း ၊ အဆင့်ဆင့်သော ဌာန ၊ အဖွဲ့အစည်းများအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် သတိပေး ချက် များကို မြေပြင်စီမံခန့်ခွဲဆောင်ရွက်သူများအနေနဲ့ ပြည်သူလူထုဆီကို အချိန် နှင့် တပြေးညီ ရောက်ရှိနိုင်ရေး အမျိုး မျိုးသော ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊  ရခိုင်ပြည်နယ်သည် တည်နေရာ အနေ အထားအရ သဘာဝသယံဇာတ အရင်းအမြစ်များ ကြွယ်ဝသကဲ့သို့  သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွား လေ့ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ၊ ပြည်နယ်အတွင်း ဘေးအန္တရာယ်ကျရောက်ဖြစ်ပွားမှုအခြေအနေများ ၊  နိုင်ငံတော်မှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့မှုများ ၊  ပြည်နယ်၊ ခရိုင် ၊ မြို့နယ် အဆင့် Command Posts များ ဖွင့်လှစ်ခြင်း ၊ သတင်းအချက်အလက်များ ရယူဖြန့်ဝေခြင်း ၊ အသိပညာပေးခြင်း ၊ သဏ္ဍာန်တူလေ့ကျင့်ခြင်း ၊ အရေးပေါ် ထောက်ပံ့ ကူညီရေး ပစ္စည်းများ ကြိုတင်စုဆောင်းခြင်း ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ၊  ပစ္စည်းများ အသင့်ထားရှိကြောင်း ၊ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း စသည့်တို့ကို ပြောကြားခဲ့သည်။  

ထို့နောက်  ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Mami  Mizutori ၏ အ ပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သတင်းစကား ဗီဒီယို နှင့် မှတ်တမ်း ဗီဒီယို များအား ပြသခဲ့ပြီး  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာများ ၊ လူမှုရေးအဖွဲ့အစည်းများ ၊ ကျောင်းသား / သူများ  နှင့် တာဝန်ရှိသူများ  ခင်းကျင်းပြသထားသော ဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြ သည်။ ယင်းနောက် တက်ရောက် လာသူ များက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)