သီတင်းကျွတ်လပြည့်နေ့တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူ (၁၀၀၀၀) ကျော်လာရောက်ဖူးမြှော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီတင်းကျွတ်လပြည့်နေ့တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူ (၁၀၀၀၀) ကျော်လာရောက်ဖူးမြှော်



MNP - အောက်တိုဘာ   ၁၀


မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီ တော်မြတ်ကြီးတွင်သီတင်းကျွတ်လပြည့်နေ့၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ (၁၀၀၀၀) ကျော် အေးချမ်းပျော်ရွှင်စွာဖြင့် ဘုရားလာရောက်ဖူးမျှော်လျက်ရှိကြောင်း သိရသည်။


ဘုရားဖူးများလာရောက်ရာတွင် ကင်မွန်းစခန်းတောင်ခြေမှ ရင်ပြင်တော်ပေါ်သို့ တောင်တက်ကား၊ ကေဘယ်လ်ကားများဖြင့် အေးချမ်းစွာလာရောက်ကြပြီး ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ပန်း၊ ရေချမ်း၊ ဆီမီး အမွှေးနံသာများဖြင့် ပူဇော်ကန်တော့လျက်ရှိကြောင်း သိရသည်။


အဆိုပါဘုရားလာရောက်ဖူးမြှော်ကြသော ပြည်သူများအား ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ စိတ်အေးချမ်းသာစွာ ဘုရားဖူးမျှော်နိုင်ရန်နှင့် တည်းခိုနေထိုင်နိုင်ရေးတို့အတွက် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)