တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စက်သုံးဆီတင်သွင်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စက်သုံးဆီတင်သွင်း ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း ဆွေးနွေး




MNP - အောက်တိုဘာ   ၃၁


တနင်္သာရီတိုင်းဒေသကြီးအတွင်း လုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့် စက်သုံးဆီများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စက်သုံးဆီတင်သွင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ အောက်တိုဘာ(၃၁)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြိတ်ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့နှင့် စက်သုံးဆီလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း၌ စက်သုံးဆီနှင့်ပတ်သက်ပြီး ဆီတင်သွင်းသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ဩဂုတ်လမှစ၍ စက်သုံးဆီတင်သွင်းခြင်းကို ခွင့်ပြုပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ စက်သုံးဆီ(ဓာတ်ဆီ/ ဒီဇယ်) တန်ချိန်သုံးသောင်းကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆီတင်သွင်းမှုနှင့်ပတ်သက်၍ ဆီတင်သွင်းဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြရန်နှင့် စက်သုံးဆီတင်သွင်းကြသည့် လုပ် ငန်းရှင်များမှ ကြုံတွေ့ရသည့်အခက်အခဲများကို ဆွေးနွေးကြစေလိုကြောင်း၊ ဒေသတွင်းလုပ်ငန်းများလုပ်ကိုင်နေကြသည့် ကုမ္ပဏီများမှ စက်သုံးဆီများ ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် တင်သွင်းဆောင်ရွက်မှုရှိသလို လုပ်ငန်းသဘောအရ စက်သုံးဆီတင်သွင်း ခွင့်ရယူသည့်ကုမ္ပဏီများလည်းရှိကြောင်း၊ စက်သုံးဆီများ တင်သွင်းမှုအခြေ အနေများနှင့်ပတ်သက်၍အခက်အခဲများအား ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


တိုင်းဒေသကြီးအတွင်း၌ စက်သုံးဆီနှင့်ပတ်သက်ပြီး ဆီတင်သွင်းသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် သုံးစွဲလျက်ရှိသည့် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေးအတွက် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအတွင်း ဆီတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ထို့နောက် စက်သုံးဆီလုပ်ငန်းရှင်များက စက်သုံးဆီများ တင်သွင်းဆောင်ရွက်နေမှု အခြေအနေ များကို ဆွေးနွေးတင်ပြခဲ့ကြရာ မြိတ်ခရိုင်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ကြပြီး တင်ပြဆွေးနွေးချက်များ နှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက စက်သုံးဆီများတင်သွင်းရာတွင် မှန်မှန်ကန်ကန်ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်သို့ အခွန်အခများကို  မှန်မှန်ကန်ကန် ပေးသွင်းကြစေလိုကြောင်း၊ တာဝန်ရှိသူများကလည်း ကြပ်မတ်ဆောင်ရွက်ပေးကြရန်၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ပြီး အဆင်ပြေစေရေးအတွက် ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ပေးကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ခိုင်ထူး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)