ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦးအား ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦးအား ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်




MNP - အောက်တိုဘာ   ၈

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၂)ဦး အား ပီတိပညာရေး ပရဟိတမှ ငွေ(၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ(၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက၊ ဦးတင်ထွဋ်၊ ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီး၊ ဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံ သည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်း ပေးခဲ့သည်။


ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်ကြည်ခင်နှင့် ဆရာမကြီး ဒေါ်မိုင်အေးသန်းတို့ (၂)ဦးအား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့်ငွေကျပ်(၁၅)သိန်းစီကို ပီတိပညာရေး ပရဟိတ နာယက ဦးတင်ထွဋ်နှင့် ဒေါ်စန်းစန်းဌေး တို့ကပေးအပ်ခဲ့ရာလက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစားသက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ပညာရေး (ငြိမ်း) ဆရာမ ဒေါ်ကြည်ခင် နှင့် ဒေါ်မိုင်အေးသန်းတို့က  အလှူငွေ(၃)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာမ ဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။


သတင်း - ဇော်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)