တောင်ကုတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှုနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်





MNP ၊ အောက်တိုဘာ ၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း  အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်နှင့်ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ပြည်သူ များကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက်ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း တပ်ဆင်သွားလာရေးလှုပ်ရှားမှုပြုလုပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းများကို ယန့နံနက်(၇)နာရီ အချိန်တွင် သံတွဲလမ်းဆုံ နှင့် အမ်းလမ်းဆုံ တို့တွင် စုရပ်(၂)ခုထားကာ ဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ နှာခေါင်းစည်းတပ်ဆင်သွားလာရေးလှုပ်ရှားမှုပြုလုပ်ခြင်းနှင့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်း အဖွဲ့ဝင် များ က နှာခေါင်းစည်း(၅၀၀၀)ခုတို့ကို ဖြန့်ဝေပေးခြင်း ၊အသံချဲ့စက်ဖြင့် အသိပညာပေးကြေညာခြင်း၊ ဒေသခံပြည်သူ များမှ ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိ/မရှိ စစ်ဆေး ခြင်းနှင့်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေနိုင်ရေး သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)