ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၂) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၈/၂၀၂၂) အစည်းအဝေးကျင်းပ

 


MNP - အောက်တိုဘာ   ၁၃


ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၈/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပွင်းလင်းရာသီသို့ရောက်ရှိလာပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု ပိုမိုများပြားလာသည်နှင့်အမျှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများနှင့်အညီဖြစ်စေရေး ဦးစားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသောလုပ်ငန်းများကိုလည်း ကော်မတီဝင်များအနေဖြင့် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ  ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာများကိုဆွေးနွေးပြောကြားပြီး  ကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် (၈/၂၀၂၂)အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြုရမည့် ကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆေးနွေးခဲ့ကြပြီး ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


သတင်း -စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)