ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု အတွင်းတွင် ခိုးဝင်ဘင်္ဂလီလူမျိုး(၄၉)ဦးအား ဖမ်းဆီးရမိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု အတွင်းတွင် ခိုးဝင်ဘင်္ဂလီလူမျိုး(၄၉)ဦးအား ဖမ်းဆီးရမိ

005

006

007


MNP ၊ အောက်တိုဘာ  ၂၈

ရခိုင်ပြည်နယ်၊ ဂွမြို့ ဒေါင့်ချောင်းကျေးရွာအုပ်စု အတွင်းရှိ ဗောဓိကျေးရွာအနီးတွင်  ခိုးဝင်ဘင်္ဂလီလူမျိုး(၄၆)ဦးနှင့် ချင်းစုကျေးရွာအနီးတွင် ခိုးဝင်ဘင်္ဂလီ လူမျိုး(၃)ဦး စုစုပေါင်း ဘင်္ဂလီလူမျိုး(၄၉)ဦးအား အောက်တိုဘာလ (၂၆)ရက်နေ့  နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂလီလူမျိုး(၄၉)ဦးအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးရန်ဖြစ်ကြောင်း၊ စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာတွင်လူစုပြီး လွန်ခဲ့သော (၂)ပတ်ခန့်က ဒါးပိုင်ကျေးရွာဆိပ်ကမ်းမှ  စက်လှေဖြင့်ခေါ်ဆောင်လာခဲ့ကြောင်း၊ စက်လှေပေါ်တွင် နှစ်ညအိပ်ပြီး ကမ်းစပ်တစ်ခုသို့ ည(၁၂)နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ မည်သည့်နေရာသို့ ရောက်ရှိသည်ကို မသိရှိရဘဲ စက်လှေပေါ်ပါလာသူများက ဧရာဝတီတိုင်းသို့ ရောက်ပြီဖြစ်ကြောင်း၊ စက်လှေပေါ်တွင် ပါလာသည့် ရခိုင်လူမျိုး(၅)ဦးအနက်မှ (၂)ဦးနှင့်အတူ နာရီဝက်ခန့်လမ်းလျှောက်ခဲ့ရပြီး တောစပ်တစ်ခုသို့ ရောက်ရှိခဲ့ကြောင်း၊ တောစပ်တွင် နံပါတ်မသိသည့် ယာဉ်မောင်းတစ်ဦးသာ ပါရှိသည့် အစိမ်းရောင်ကားတစ်စီးဖြင့် လိုက်ပါလာရာ နံနက်ပိုင်းတွင် ယခုဖမ်းမိသည့်နေရာတွင် ချထားခဲ့ပြီး  တောထဲသို့ ခေါ်ဆောင်သွားပြီး ယာဉ်မောင်းက ထမင်းလာပို့မည်ဟု ပြောဆိုပြီး ထွက်သွားခဲ့ကြောင်း၊ (၁၂)ရက်ကြာသည်အထိ လာရောက်ခေါ်ဆောင်ခြင်း မရှိသဖြင့် အစာရေစာပြတ်လပ်မှုကြောင့် ကားလမ်းရှိရာသို့ လမ်းလျှောက်လာစဉ် ယခုလို ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂလီလူမျိုး(၄၉)ဦးတွင် ကျား(၂၈)ဦး၊ မ(၁၇)ဦး၊ ကလေး(ကျား)-၃ဦး၊ ကလေး(မ)-၁ဦး ဖြစ်ကြောင်းနှင့် အဆိုပါဖမ်းဆီးရမိသည့် ဘင်္ဂလီလူမျိုးများအား ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages