ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲကျင်းပ



MNP - အောက်တိုဘာ   ၇


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်းက သင်တန်းဆင်းသင်တန်းသူများအနေဖြင့် မိမိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာများအားထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ မျက်မှောက်ကာလတွင်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်အစိုးရဌာနများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုမှာ (၅၀)ရာခိုင်နှုန်းကျော်အထက်မှာရှိသဖြင့် အမျိုးသမီးများရဲ့ အခန်းကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကသင်ကြားပေးလိုက်တဲ့ အသက်မွေးဝမ်းကျောင်းပညာကိုလက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်၍မိမိပတ်ဝန်းကျင်မှာပြန်လည်ဆင့်ပွားပေးကြကာ ကိုယ့်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများမှာ တစ်ဖက်တစ်လမ်းမှပါဝင်ဆောင်ရွက်ကြစေလိုကြောင်း သင်တန်း ဆင်းအမှာစကား ပြောကြားသည်။


ဆက်လက်၍   ဝန်ကြီးက ထူးချွန်ဆုရသင်တန်းသူ တစ်ဦးအား ထူးချွန်ဆု ပေးအပ်ချီးမြှင့်၍ သင် တန်းကျောင်းအုပ်ကြီးမှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ထို့နောက် သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်လာသည့် ဧည့်သည်တော်များကခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်ရာအဝတ်အထည်နှင့် လက်မှုအနုပညာပစ္စည်းများ အားလိုက်လံကြည့်ရှူ အားပေးပြီးဝန်ကြီးမှ သင်တန်းကျောင်းနှင့် သင်တန်း ဆင်းသင်တန်း သူများအား ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့သည်။


အဆိုပါသင်တန်း အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ နယ်စပ်ဒေသများ ရှိတိုင်းရင်းသား/သူများလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသူများ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ရန် အသက်မွေးဝမ်းကျောင်းပညာ ရပ်များကို လေ့ကျင့်ပေးရန် အိမ်တွင်းအသက်မွေးမှုအတတ်ပညာများ တတ်မြောက်ကာ ဘဝရပ်တည်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကာ ယနေ့ပြုလုပ်သည့်သင်တန်းတွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းသူ(၃၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလ(၄)လကြာပို့ချသင်ကြားပေးခဲ့ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုဖြင့် တစ်နိုင်ငံလုံးတွင် အမျိုး သမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၄၆)ကျောင်း ဖွင့်လှစ်ပေးပြီးဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်မြို့နှင့်ကော့သောင်းမြို့တို့တွင် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း၊ ကော့သောင်းမြို့အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းအနေဖြင့် အခြေခံအိမ်တွင်းမှုသင်တန်း(၈၁)ကြိမ်၊ အဆင့်မြှင့်စက်ချုပ် သင်တန်း(၅၂)ကြိမ်၊ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင် တန်း(၃)ကြိမ်၊ အခြေခံအိမ်တွင်းမှု လက်မှုလုပ်ငန်း၊ ကြိမ်/ဝါးသင်တန်း(၄)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ကာ တိုင်းရင်းသူ(၃၃၀၆)ဦးအား အသက် မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)