ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်



MNP - အောက်တိုဘာ   ၁၃


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းအချိန်ကစတင်၍ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေမှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမြို့နယ် ဦးစီးမှူးနှင့် ဌာနဝန်ထမ်းများကဦးဆောင်ကာ မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့်အတူ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်ခြင်းဖြစ်ပြီး ၂၀၂၃ - ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်အခြေအနေအရ အသက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်အား (၁)နှစ်လျှင်(၂)ကြိမ်သာ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။


ကျောက်ကြီးမြို့နယ်၌ မြို့ပေါ်(၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၄)အုပ်စုတွင် အသက်(၈၅)အထက် အဘိုး(၁၈၉)ဦး၊ အသက်(၈၅)အထက် အဘွား(၃၃၉)ဦး စုစုပေါင်း အဘိုးအဘွား(၅၂၈)ဦးရှိပြီး အဆိုပါအသက်ကြီးဘိုးဘွားများအား ၂၀၂၂ - ၂၀၂၃ ခုနှစ် (ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ) (ဒုတိယ) (၃)လပတ်အတွက် လူမှုရေးပင်စင် အဘိုးအဘွားတစ်ဦးလျှင် တစ်လ(၃)သောင်းကျပ်နှုန်းဖြင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စာရေးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက အိမ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)