MNP - အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက လျာထားမဲရုံတည်နေရာများ သတ်မှတ်ရေးနိုင်နှင့် မြေပြင်လူဦးရေစာရင်းပြည့်စုံမှန်ကန်ရေး ညှိနှိုင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲ အရာရှိ ဦးပြည့်ဖြိုးမိုးနှင့် တာဝန်ရှိသူများက လျာထားမဲရုံတည် နေရာများ သတ်မှတ်ခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးစ သည့် လူဦးရေစာရင်းများနှင့် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment