ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ် ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်

 



MNP - အောက်တိုဘာ   ၁၂


ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာမှ ဘိုးဘွားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အမျိုး သမီးရေး ရာအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ(၁၁)ရက် ညနေ(၄)နာရီတွင်  ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။


အဆိုပါ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာတွင် စုစုပေါင်း ဘိုးဘွား(၂၇)ဦးရှိရာ ဘိုးဘွား(၁)ဦးလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၀၅၀၀၀)ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ် အမျိုးသမီးရေး ရာအဖွဲ့မှလည်း ဘိုးဘွားများ အာဟာရပြည့်မှီစေရေးကိုရည်ရွယ်ကာ ဘိုးဘွားများအတွက် ကွေကာအုပ်များလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် အောက်တိုဘာ(၅)ရက်နေ့ကလည်း ဖျာပုံခရိုင်အတွင်းမှ အသက်ကြီးဆုံး အဘိုးဖြစ်သူ ဒေးဒရဲမြို့နယ်တွင် နေထိုင်သည့် အသက်(၁၀၂)နှစ်အရွယ် အဘိုး ဦးအောင်ရင်နှင့် ဖျာပုံခရိုင်အတွင်းမှ အသက်ကြီးဆုံး အဘွားဖြစ်သူဘိုကလေးမြို့နယ်တွင် နေထိုင်သည့် အသက်(၁၀၂)နှစ်အရွယ် အဘွား ဒေါ်အေးကျင်တို့အား ငွေကျပ်(၁)သိန်းစီ ထောက်ပံ့ပေး အပ်လှူဒါန်း ခဲ့ကြောင်းလည်း သိရသည်။


သတင်း - မိုးစက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)