MNP - အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကုန်းစွန်းကျေးရွာ၌ အောက်တိုဘာလ ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၆)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၃)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၀၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ(၃၃၃၆၀၀)၊ သရက်ကုန်းကျေးရွာအုပ်စု၊ ပေါက်လွတ်ကျေးရွာတွင် အောက်တိုဘာလ၂၄ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ (၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၂၅၂၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၆၀၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂၈၅၂၀၀)တို့ကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment