ဟိုပန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




MNP - အောက်တိုဘာ   ၁၄


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားအမျိုးသား(အလွတ်တန်း) ဖူဆယ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီ က ဟိုပန်မြို့၊ A-21 ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ Lion-King FC အသင်းနှင့် P-Family (B) အသင်းတို့က ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ P-Family (B) အသင်းက ပင်နယ်တီအဆုံးအဖြတ်နှင့် ငါးဂိုး၊ လေးဂိုး ဖြင့်အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ ဟိုပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဗိုလ်မှူးမျိုးဝင်းမောင်နှင့် အဖွဲ့ဝင် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ပထမဆုရရှိသည့် P-Family (B)အသင်း၊ ဒုတိယဆုရရှိသည့်  Lion-King FC အသင်း၊ ဂိုးသမားအကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျောက်အကောင်းဆုံးဆုများနှင့် ဒိုင်အဖွဲ့များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာလ(၄) ရက်နေ့မှ စတင်၍ အုပ်စု(၆)စုခွဲပြီး ယှဉ်ပြိုင်ကစားခဲ့ရာ ဟိုပန်မြို့နယ်၊ ကွမ်းလုံမြို့နယ်နှင့် ချင်းရွှေဟော်မြို့များမှ ဖူဆယ်ဘောလုံး အသင်း(၂၀)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)