ကျောင်းကုန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်နိုင်ဦးမှ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်နိုင်ဦးမှ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်



MNP - အောက်တိုဘာ   ၈


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါသော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀  နာရီအချိန်ခန့်က ကျုံဖားရိုးအုပ်စု၊ ယိုးဒယားတက်ကျေးရွာ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပပြုလုပ် ခဲ့သည်။


တွေ့ဆုံပွဲတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး နေဝင်းနောင်တို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းမှ အဖွဲ့ (၁)သည် ကျုံဖားရိုးအုပ်စုရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်(၃၃)ဦးနှင့် ပြည်သူ (၁၀၃)ဦး၊ စုစုပေါင်း (၁၃၆)ဦးတို့နှင့် တွေ့ဆုံ၍ ယိုးဒယားတက်ကျေးရွာနေ ပြည်သူများအား လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအား ဆွေးနွေး ပြောကြားပြီး စားသုံးဆီဖူလုံစေရန် နေကြာကို စိုက်ပျိုးကြဖို့လိုကြောင်း၊ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ်မောင်းနှင်ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ် ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက် ပိုမစီးစေရေးစသည့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း များကို သိရှိလိုက်နာစေရန်၊ ည(၁၂)နာရီမှနံနက်(၄) နာရီအချိန်ထိ ဒေသန္တရအမိန့် ထုတ်ပြန်ထားကြောင်း အသိပညာ‌ပေး ဟောပြောခဲ့ကြသည်။


ဟောပြောပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်သူ(၂)ဦး၊ အသက်(၁၀)နှစ် ပြည့်ပြီးသူ(၁)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၁)ခု ပြုလုပ် ပေးခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထပ်ဆောင်း ကာကွယ်ဆေး ဒေသခံပြည်သူ(၂၀၀)ဦးအား ထိုးနှံပေးနေမှုကို ခရိုင်အုပ်ချုပ်ရေးမှူးက ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။


သတင်း - ဝင်းကြိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)