ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံရေး ကျောင်းမုန့်ဆိုင်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံရေး ကျောင်းမုန့်ဆိုင်းများ ကွင်းဆင်းစစ်ဆေး

 



MNP - အောက်တိုဘာ ၄


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီကဆောင်ရွက်သည်။


အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍  အခြေခံပညာကျောင်းများ၌ ရောင်းချလျက်ရှိသော ကျောင်းမုန့်ဆိုင်များတွင် ကျောင်းသား/ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံစေရန်  ရက်လွန်အစားအစာများ၊ ဓာတုဆိုးဆေးများအသုံးပြု၍ ပြုလုပ်ထားသည့် အစားအစာများ၊ ကုန်ညွှန်းအမှတ်တံဆိပ်မပါရှိသော စားသောက်ကုန်များရောင်းချမှု ရှိ/ မရှိတို့ကိုလည်းကောင်း၊ သန့်ရှင်းလတ်ဆတ်သော အစားအစာများရောင်းချရေးနှင့် အစားအစာများ စနစ်တကျဖုံးအုပ်ပြီး ယင်နားစာများရောင်းချမှု မပြုလုပ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ/ ဆရာမများအား ကျောင်းသား/ ကျောင်းသူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် ကျောင်းမုန့်ဆိုင်များအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားနိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။  


သတင်း - ကိုဇွဲ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)